
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဆန်စပါးအပြင် ပဲမျိုးစုံကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိပြီး စားတော်ပဲ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ကုလားပဲများဈေးကွက်သို့ စီးဝင်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၌ ဟင်္သာတခရိုင်တွင် စားတော်ပဲ (၁၂၀) ဧကနှင့် မတ်ပဲ (၉၀) ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။ ကုလားပဲ ၁ ပိဿာ လျှင် ၅,၅၀၀ ကျပ်မှ ၆,၀၀၀ ကျပ်နှင့် မတ်ပဲ ၁ ပြည်လျှင် ၅,၈၀၀ ကျပ်မှ ၆,၃၀၀ ကျပ် ၊ ၁ တင်းလျှင် ၉၆,၁၀၀ ကျပ်မှ ၉၇,၃၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ပြီး ပဲအမျိုးမျိုးကို ဒေသခံများက ပဲပြုတ် ၊ ပဲကြော် ၊ မုန့်ဟင်းခါးဖြည့်စွက်နှင့် အိမ်ထောင်စု စားသုံးမှုအတွက်အဓိကဝယ်ယူကြပြီး၊ ရန်ကုန်၊ ပုသိမ်နှင့် ပြည်မြို့များသို့လည်း တင်ပို့ရောင်းချသည်။
ဟင်္သာတဒေသရှိစိုက်ပျိုးသူများက ပဲသီးနှံများကို ရေသွင်းစိုက်ပျိုးလေ့ရှိသော်လည်း၊ မိုးခေါင်မှုနှင့် ပိုးမွှားကျရောက်မှုတို့ကြောင့် ထုတ်လုပ်မှုအနည်းငယ်လျော့နည်းနေသည်။ သို့ပါ၍ ပဲဈေးနှုန်းများ ယခင်နှစ်ထက် ၁၀-၁၅% ခန့် မြင့်တက်နေသည်။ ဧရာဝတီတိုင်းအတွင်း ပဲစိုက်ဧက တိုးချဲ့ရန် စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးလျက်ရှိပြီး၊ ဒေသခံများအနေဖြင့်လည်း ပဲသီးနှံ၏ စီးပွားဖြစ်အလားအလာကို အသုံးချလာကြသည်။
DOCA(ဧရာဝတီ)