
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းအတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ရုံးပတီသီးသည် ယခုလိုဆောင်းအကုန် နွေအကူးရာသီတွင် အနည်းငယ်ရှားပါးပြီး ဈေးကောင်း ရောင်းချရပါသည်။ ရုံးပတီသီးကို အကင်ဆိုင်များ၊ ထမင်းဆိုင်များနှင့် စားသောက်ဆိုင်များတွင် အသုံးများသည့်အတွက် ဈေးကြီးပြီးရောင်းကောင်းလျက်ရှိပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး ၌ ကုန်စိမ်း သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)