
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်ဈေးကွက်အတွင်း ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ကန့်ဘလူမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမအပတ်တွင် ငရုပ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၅၀)ကျပ်သားလျှင်(၉၀၀၀)၊ (၂၅) ကျပ်သားလျှင် ကျပ်(၄၅၀၀)နှင့် (၁၀)ကျပ်သားလျှင် ကျပ်(၁၈၀၀)ဈေးနှုန်း အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ငရုတ်၊ ကြက်သွန်ဖြူ/နီနှင့် အာလူး အရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါ သည်။
DOCA(စစ်ကိုင်း)