
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချရသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများကာ ဈေးနှုန်းချိုသာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
သံပုရာသီးသည် လူသားများ၏ နေ့စဉ်အသုံးပြုမှုတွင် မဖြစ်မနေ အရေးပါသော အသီးတစ်မျိုး လည်းဖြစ်သလို အားကစားသမားများအတွက်လည်း မဖြစ်မနေအသုံးပြုရခြင်းဖြစ်ပါသည်။ သံပုရာသီးကို နေ့စဉ် ချက်ပြုစားသုံးရာတွင် မဖြစ်မနေအသုံးပြုယုံသာမက မုန့်ဟင်းခါးဆိုင်၊ အာပူလျှာပူဆိုင်များ ကြာဆံဟင်းခါးဆိုင်များတွင် မဖြစ်အနေအသုံးပြုသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ကြောင်း သံပုရာသီးရောင်းချသူထံမှသိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ဖြစ်ပေါ်နေသော သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင်(၃၀၀/၂၅၀)ကျပ်နှင့် သံပုရာသီး အသေးတစ်လုံးလျှင်(၁၅၀/၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)