သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဆူးပုတ်ရွက်ဈေးနှုန်းများ

Powered by Drupal

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ဆူးပုတ်ရွက်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများသော အရွက်တစ်မျိုးဖြစ်ပါသည်။

   ယခင် ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချ လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၁၀၀)ကျပ်၊ (၁၀)စည်း ပါ တစ်ထုံးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချ သည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)