
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိသားစု စားဝတ်နေရေးတွက် မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ယခုအခါ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး တွင် ညောင်ရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့် ညောင်ရွက်ဈေးနှုန်းမှာ ညောင်ရွက်အစိမ်း(၁)ပုံလျှင်(၃၀၀)ကျပ်၊ ညောင်ရွက်ပြုတ်(၁၀)ကျပ်သားခန့် (၁)လုံးလျှင်(၃၀၀)ကျပ်၊ (၂)လုံးလျှင်(၅၀၀)ကျပ် နှင့် ညောင်ရွက်ပြုတ်(၁)ပိဿာလျှင်(၃၀၀၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း၊ ညောင်ရွက်များကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ၊ ရှမ်းစုကျေးရွာ၊ ကန့်ဘလူ မြို့နယ် ပေကုန်းကျေးရွာ တို့နှင့် အခြားသောကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရ သည်။
DOCA(စစ်ကိုင်း)