
၂၀၂၅ခုနှစ်၊ မေလ ပထမပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ ရေပေါ်ဈေးအတွင်း နာနတ်သီးများ များပြားစွာဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ထိုနာနတ်သီးများအား မွန်ပြည်နယ် ကျိုက်ကော်မြို့နှင့် ရေးမြို့တို့မှ အသီးသီးဝင်ရောက်နေကြောင်း သတင်းရရှိပါသည်။
နာနတ်သီးသည် စားသုံးရန် ကောင်းမွန်သော သစ်သီးဖြစ်သည့်အပြင် အလှအပအတွက်လည်း အကျိုးဖြစ်ထွန်းစေသည်။ နာနတ်သီးတွင် ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်အများအပြားပါဝင်သည်။ နွေရာသီမှာ စားသုံးလျှင် ရင်အေးပြီး ကျန်းမာစေသည်။ နာနတ်သီးကို ဖျော်ရည်ဖျော်သောက်ခြင်း၊ အသီးလိုက်ခွဲစားခြင်း၊ ယိုထိုးခြင်းဖြင့်လည်း အမျိုးမျိုးပြုလုပ်စားသုံးကြသည်။ နာနတ်သီးကို ကပ်ပါးပိုး၊ သန်ကောင်များ နှိမ်နှင်းရန်အတွက် အသုံးပြုပြီး အစာအိမ်ပြဿနာကို သက်သာစေသည်။ နာနတ်သီး မှရရှိသော ပရိုတင်းကို ကျန်းမာရေးဓါတ်စာအဖြစ် အသုံးပြုလျက်ရှိသည်။ ကင်ဆာဆဲလ် ကြီးထွားခြင်းကို နှောင့်ယှက်ထားဆီးပြီး သွေးခဲခြင်း၊ ရောင်ရမ်းခြင်းကိုလျော့ကျစေသည်။ နာနတ်သီးအား အလွန်အကျွံ စားသုံးခြင်းအားဖြင့် အလွန်အမင်းအန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ရာသီသွေးဆင်းများခြင်း၊ ပျို့ခြင်း၊ အရေပြားအနီကွက်ထခြင်း၊ အန်ခြင်း၊ အလွန်အကျွံသုံးစွဲပါက ပါးစပ်နှင့် ပါးများရောင်ရမ်းခြင်း တို့ဖြစ်စေနိုင်ပါသည်။
ကရင်ပြည်နယ်အတွင်းဝင်ရောက်လာသော နာနတ်သီး ဈေးနှုန်းများမှာ အလုံးသေး တစ်လုံးလျှင် (၂၅၀၀)ကျပ် ၊ အလုံးကြီး တစ်လုံးလျှင် (၂၇၀၀)ကျပ်မှ (၃၀၀၀) ကျပ်အထိ ဈေးနှုန်းများရှိကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)