ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်းဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲတီစိမ်းသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ မေလပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၉၇၀၀၀)ကျပ်၊ ပဲတီစိမ်း ထွက်တိုး အလုံးလှတစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲတီစိမ်း(၁)တင်းလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက် အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲတီစိမ်းများကို ကန့်ဘလူမြို့၊ မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)