ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲနီသီးနှံဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ ပဲနီသီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ် မေလ ပထမပတ်အတွင်း ပဲနီတစ်တင်းလျှင် (၇၂၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၇၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းများ နှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲနီ(၁)တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ၊ ထွက်ရှိသော ပဲနီသီးနှံကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)