
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာနေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူရရှိ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
ဂန္ဓမာပန်းများကို နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ပန်းမျိုးအနေဖြင့် စံပယ်ဖြူနှင့် ရွှေဝါဝင်းမျိုးများ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၄)လခန့်အကြာတွင် ဈေးကွက်သို့စတင်ရောင်းချ ကြောင်း၊ မေလ ပထမပတ်အတွင်း ပန်းပွင့်ကြီးလျှင် အခက်ကြီး(၁)ခက်ကို ၈၀၀ကျပ်၊ ပန်းပွင့် သေးလျှင်(၃)ခက်ပါ(၁)စည်းကို ၂၀၀၀ကျပ်ဖြင့် နေ့စဉ် သစ်ရာမြိုင်ဈေးသို့ သွားရောက်ရောင်းချ ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)