
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၁၈၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၃၀၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ် (၉၇၀၀၀)ဖြစ်၍ ယခင်ဧပြီလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ ကျပ်(၂၀၀၀)ဈေးနှုန်းလျော့ကျခဲ့ ကြောင်း၊ နှမ်းသီးနှံထွက်ပေါ်ရာသီမဟုတ်သည့်အတွက် အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ တန်ချိန် အားဖြင့် (၂၅)တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)