BTRC မှ ဂြိုဟ်တုအင်တာနက်လိုင်စင် ရရှိခဲ့သည့် Starlink

Powered by Drupal

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆက်သွယ်ရေး ထိန်းသိမ်းရေး ကော်မရှင် (BTRC) သည် နိုင်ငံတွင်း ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုများ လုပ်ဆောင်ရန် Starlink ကုမ္ပဏီအား တရားဝင်လိုင်စင် ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ BTRC ဥက္ကဌ Md Emdad ul Bari က “၎င်းတို့အနေဖြင့် Starlink ကုမ္ပဏီ၏ အကြံပေးမှ လိုအပ်သောအခကြေးငွေများလက်ခံရရှိပြီး နောက်တွင် တရားဝင်လိုင်စင်အား ထုတ်ပေးလိုက်ကြောင်း” ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက Starlink အနေဖြင့် ဝန်ဆောင်မှုအားမိတ်မဆက်ခင်တွင် အကောက်ခွန်များပေးဆောင် ရမည်ဖြစ်ကြောင်း ထပ်ဆောင်းပြောကြားခဲ့ပါသည်။ ဆက်သွယ်ရေးစည်းမျဉ်းများအရ BTRC အနေဖြင့် လိုင်စင်ခွင့်ပြုခြင်းအပါအဝင် အရေးကြီးသည့်ဆုံးဖြတ်ချက်များ မပြုလုပ်ခင်တွင် ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ကြိုတင်ခွင့်ပြုချက်လိုအပ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် မတ်လ အစောပိုင်းတွင် BTRC သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဂြိုဟ်တုဝန်ဆောင်မှုလုပ်ငန်းများ အတွက် လိုင်စင်ထုတ်လုပ်မှုအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ညွှန်ကြားချက်များအရ Starlink ကုမ္ပဏီအနေဖြင့် ကျသင့်သောအဖိုးခများနှင့် လိုအပ်သော စာရွက်စာတမ်းများကို BTRC သို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရပါသည်။ ကုမ္ပဏီ၏ပြည်တွင်းဌာနသည် Karwan Bazar ရှိ အဆောက်အဦးတစ်ခုတွင် မှတ်ပုံတင်ထား ပြီဖြစ်ကြောင်း သိရပါသည်။ သက်ဆိုင်ရာတင်သွင်းမှုများပြုလုပ်ပြီးနောက်တွင် BTRC သည် စစ်ဆေးရေးအတွက် အဖွဲ့ဝင် ၇ ဦးပါဝင်သော ကော်မတီကိုဖွဲ့စည်းပြီး အဆိုပါကော်မတီသည် တင်သွင်းခဲ့သော စာရွက်စာတမ်းများသည် ၎င်းကုမ္ပဏီအားလိုင်စင်ထုတ်ပေးရန်အတွက် စစ်မှန်မှုရှိရန် နှင့် ပြည့်စုံမှုရှိစေရန် အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ နောက်ပိုင်း တွင် BTRC မှ အဖွဲ့ဝင် ၂ ဦးသည် Starlink ဘင်္ဂလားဒေ့ရှ် ရုံးသို့လာရောက်ခဲ့ပြီး လိုင်စင်ထုတ်ပေးရန် ထောက်ခံခဲ့ကြောင်း သိရပါသည်။ အဆိုပါလိုင်စင်ထုတ်ပေးမှုသည် အဓိက အကြံပေး Muhammad Yunus ဆီမှ တိုက်ရိုက်တောင်းခံမှုဖြစ်ပြီး ၎င်းသည် သက်ဆိုင်ရာအာဏာပိုင်များအား Starlink ၏ အဆိုပါဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု စတင်မိတ်ဆက်မှု အခမ်းအနားအား ရက် ၉၀ အတွင်း လုပ်‌ဆောင်ခွင့်ရရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)