ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော နှမ်းဈေးနှုန်း အခြေအနေ

Powered by Drupal

   ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၃၅၀၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက နှမ်းနက်(၁)တင်းလျှင်(၃၀၀၀၀)ကျပ်ခန့်မြင့်တက်ပြီး နှမ်းဖြူ(၁)တင်း လျှင်(၉၀၀၀)ကျပ်ခန့် ကျဆင်းသွားကြောင်း၊ ဈေးနှုန်းမှာ အချိန်နှင့်အမျှ ပြောင်းလဲမှုရှိကြောင်း  ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)