ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရာသီစာနှင်းသီးများ စတင်ရောင်းချလျက်ရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်နှင်းသီး များကို စတင်ရောင်းချလျက်ရှိပါသည်။ ရာသီစာနှင်းသီးများကို နေအိမ်ခြံစည်းရိုးများ၌ စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။

    နှင်းသီးသည် အနီရောင်၊ အဖြူရောင်၊ အစိမ်းရောင်နှင့် ခရမ်းရောင်ဟူ၍ ၄မျိုးရှိပါသည်။ နှင်းသီးသည် အရည်ရွှမ်း၍ ကျွတ်ဆတ်ကာချိုမြသောအရသာရှိပြီး သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မေလ ပထမပတ်အတွင်း နှင်းသီး(၂၅)ကျပ်သားလျှင်(၃၀၀၀) ကျပ်၊ နှင်းသီး(၁)ပိဿာလျှင်  (၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း သစ်သီးရောင်းချသူထံမှ သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)