
တနင်္သာရီတိုင်းဒေသကြီး၏ ဝင်ငွေရရှိလျက်ရှိသော စီးပွားဖြစ်ဒေသထွက်ကုန်များမှ တစ်ခု အပါအဝင်ဖြစ်သည့် နှစ်ရှည်သီးပင်တစ်မျိုးဖြစ်သော ကွမ်းသီးပင်များမှထွက်ရှိသော ကွမ်းသီးမှည့်များ အား နေလှန်းအခြောက်ခံ၍ ဒေသတွင်း ကွမ်းသီးပွဲရုံများ၊ အဝယ်ဒိုင်များမှ ဝယ်ယူကာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
ဒေသတွင်းမှ ထွက်ရှိသည့် ကွမ်းသီးစျေးနှုန်းများမှာ မေလ ပထမအပတ်အတွင်း ကွမ်းသီးခြောက်အခြမ်း တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကွမ်းသီးအခြောက်အလုံး တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ရှိပြီး စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)