ကန့်ဘလူမြို့တွင် ရောင်းချနေသော ဂေါ်ရခါးသီး ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဈေးတွင် ဈေးသည်များ၊ ဈေးတယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် သီးနှံမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဂေါ်ရခါးသီးကိုလည်း မန္တလေးမြို့မှ မှာယူရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

     ယခု ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ ဂေါ်ရခါးသီး  အလုံးကြီး တစ်လုံးလျှင်(၇၀၀)ကျပ်၊  ဂေါ်ရခါးသီး အလုံးသေး တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေး၌ ကုန်စိမ်း သီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)