စျေးကွက်အတွင်းကြက်သွန်ဖြူစျေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

               စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှသယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ‌ စျေးနှုန်းမှာ ယခု မေလအတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိသာလျှင် (၁၂၀၀၀)ကျပ်နှင့်၊ (ကြူဂုတ်) တစ်ပိသာလျှင် (၁၅၀၀၀)ကျပ်ဖြစ်သွားကြောင်း  ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စားဖိုဆောင်သုံး ပစ္စည်းများရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)