ထားဝယ်မြို့ရှိနာနတ်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

          နာနတ်သီးသည် မြေမရွေးစိုက်ပျိုးနိုင်သောသီးနှံဖြစ်သည်။ မြေမရွေးဟုဆိုသော်လည်း မည် သည့်မြေတွင်စိုက်စိုက် ‌ရေဝပ်ခြင်းကိုတော့ကြောက်သည်။ တစ်နှစ်လျှင် မိုးရေချိန် ၂၅ လက်မမှ လက်မ ၁၀၀ အတွင်း ရွာသွန်းသောဒေသများတွင် စိုက်ပျိုးနိုင်သည်။

          ယခုအချိန်သည် နာနတ်သီးပေါ်စရာဦးသီဖြစ်သည့်အတွက်ထားဝယ်မြို့ရှိ အသီးဆိုင်များတွင် နာနတ်သီးစျေးကောင်းလျက်ရှိပြီး ထားဝယ်မြို့အနီးအနားရှိရွာများမှတင်ပို့လျက်ရှိကာ  အကြီးတစ် လုံးလျှင်(၅၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၃၅၀၀)ကျပ် စျေးနှုန်းအသီးသီးရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)