ပြည်မြို့ရှိဈေးကွက်များတွင်ဆီထွက်သီးနှံများ၏ကာလတူဈေးနှုန်းနှိုင်းယှဉ်ချက်

Powered by Drupal

      ပြည်ခရိုင်၊ အတွင်းတွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲများကို စိုက်ပျိုးထား ရှိပါသည်။ ထိုဆီထွက်သီးနှံများမှာ နှစ်စဉ်ထွက်ရှိမှုများလည်းရှိပြီး အထွက်နှုန်းလည်း မလျော့ဘဲ ထွက်ရှိပါသည်။ ယခုအချိန်ဖြစ်သော မတ်လနောက်ဆုံးပတ်တွင် နွေနှမ်းများစိုက်ပျိုးထားချိန်ဖြစ်ပြီး ဧကအနည်းငယ်သာစိုက်ပျိုးထားကြောင်း သိရပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးနှမ်းစိုက် ဧကမှာ ၆၆၉၄၀ ဧကတွင် ၆၄၁၃၃ဧက ရိတ်သိမ်းပြီး အထွက်နှုန်းမှာ (၁၇.၁၀)တင်းထွက်ရှိပြီး အထွက်စုစုပေါင်းမှာ ၁၀၉၆၈၃၀တင်းထွက်ရှိပြီး ဆောင်းနှမ်းမှာ စိုက်ဧက ၁၁၂၆၄ တွင် ၇၃၇၇ဧက ရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့်(၁၆.၁၀)တင်းထွက်ရှိပြီး စုစုပေါင်းအထွက်တင်းမှာ ၁၁၈၈၀၃ တင်းထွက်ရှိသည်ဟု သိရှိရပါသည်။ မြေပဲစိုက်ဧကအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် မိုးမြေပဲ စိုက်ဧကမှာ ၄၁၃၁၉ဧကတွင် ၃၉၀၇၇ဧကရိတ်သိမ်းပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၇၀.၉၅) တင်း၊ စုစုပေါင်းအထွက်တင်းမှာ ၂၇၇၂၅၅၅၆တင်းထွက်ရှိ၍ ဆောင်းမြေပဲမှာ စိုက်ဧက ၄၁၀၅၈ ဧကတွင် ၂၆၈၀၉ဧက ရိတ်သိမ်းပြီး တစ်ဧကအထွက်နှုန်းမှာ (၈၁.၄၄)တင်းထွက်ရှိ၍ စုစုပေါင်း အထွက်တင်းမှာ ၂၁၈၃၂၃၉တင်းထွက်ရှိသည်ဟု ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စားရင်းများ အရသိရှိရပါသည်။

      ပြည်ခရိုင်အတွင်း ပြည်မြို့၏ ပွဲရုံများနှင့် ဈေးကွက်များတွင် မတ်လနောက်ဆုံးပတ်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများမှာ မြေပဲဆီဆန်(ဖြူ)တစ်ပိဿာလျှင် ၇၇၀၀ကျပ်၊ မြေပဲဆီဆန်(အနီ) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ နှင့် မြေပဲလုံးဆန် (အဖြူ) တစ်ပိဿာလျှင် ၈၄၀၀ကျပ်၊ မြေပဲလုံးဆန်(အနီ) တစ်ပိဿာလျှင် ၈၃၀၀ကျပ် ဖြင့် ဆီစက်လုပ်ငန်း ရှင်များနှင့် ပွဲရုံများ၊ လုပ်ငန်းရှင်များမှ တစ်နေ့လျှင် အိတ် ၇၀၀/၈၀၀ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ထိုအတူ နှမ်းဈေးနှုန်းများအနေဖြင့် ယခု မတ်လနောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၇၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ၂၀၀၀၀၀ကျပ်ဖြင့် အဝင်ပါးပြီး အရောင်းအဝယ်အေးလျှက်ရှိပါသည်။ ယခင် ဖေဖော်ဝါရီလကုန်တွင် မြေပဲဆီဆန်(ဖြူ)တစ်ပိဿာလျှင် ၇၇၀၀ကျပ်၊ မြေပဲဆီဆန်(အနီ) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ နှင့် မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ မြေပဲလုံးဆန်(အနီ) တစ်ပိဿာလျှင် ၈၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နှမ်းဈေးမှာလည်း နှမ်းနီတစ်တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၇၃၀၀၀ကျပ်၊ စမုံနက်နှမ်း တစ်တင်းလျှင် ၂၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်လနှင့် နှိုင်းယှဉ်ကြည့်လျှင်  ယခုလမှာ မြေပဲဆန်လုံးဆန်ဈေးမှာ အနည်းငယ်သာကျဆင်းလာတာတွေ့ရပါသည်။

          ပြည်ခရိုင်တွင်ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံဈေးများကို နှစ်အလိုက်ကာလတူအချိန် ဈေးနှုန်းများကိုနှိုင်းယှဉ်ကြည့်မည်ဆိုလျှင်-

စဉ်      အမျိုးအမည်   ရေတွက်ပုံ      ၂၀၂၃ခုနှစ်၊မတ်လ      ၂၀၂၄ခုနှစ်၊မတ်လ      ၂၀၂၅ခုနှစ်၊မတ်လ    

                                                    နောက်ဆုံးပတ်        နောက်ဆုံးပတ်        နောက်ဆုံးပတ်        

၁။      ဆီဆန်(ဖြူ)    ပိဿာ           ၇၀၀၀                     ၇၃၀၀                     ၇၇၀၀

၂။       ဆီဆန်(နီ)      ပိဿာ           ၆၂၀၀                     ၆၅၀၀                     ၇၅၀၀

၃။      လုံးဆန်(ဖြူ)   ပိဿာ           ၇၀၀၀                     ၇၅၀၀                     ၈၄၀၀ 

၄။      လုံးဆန်(နီ)     ပိဿာ           ၆၂၀၀                     ၇၈၀၀                     ၈၂၀၀           

၅။      နှမ်းနီ            တင်း             ၁၂၇၅၀၀                 ၁၁၂၅၀၀                 ၁၂၀၀၀၀

၆။      နှမ်းနက်         တင်း             ၁၃၉၅၀၀                 ၁၂၃၀၀၀                 ၁၇၀၀၀၀

၇။      စမုံနက်နှမ်း     တင်း             ၁၄၇၀၀၀                 ၁၁၅၅၀၀                 ၂၀၀၀၀၀

          ပြည်ဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော ကာလတူအချိန် နှစ်အလိုက်ဈေးနှုန်းများကို လေ့လာကြည်မည်ဆိုလျှင် နှစ်စဉ်ဈေးနှုန်းများမြင့်တက်လာခဲ့ပေမယ့် ၂၀၂၄ခုနှစ်၊ မတ်လနောက်ဆုံး ပတ်တွင် နှမ်းမျိုးစုံဈေးမှာ ယခင်နှစ် ၂၀၂၃ခုနှစ်နှင့်ယှဉ်လျှင် နှမ်းဈေးအနည်းငယ် ကျဆင်း လာတာတွေ့ရပါသည်။

DOCA(ပဲခူး)