
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရောင်းချကြသည့်အပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချကြကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ဥအကြီး၊ အသေးအလိုက် ကျပ်(၁၅၀၀-၂၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်မတ်လ(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ် (၃၀၀၀-၃၅၀၀)ဖြစ်၍ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀-၁၅၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ မင်းလှမြို့နယ်ဒေသတွင်း ကျေးရွာများရှိ ကြက်သွန်နီစိုက်ခင်းတချို့၌ ကြက်သွန်နီသစ်များဆက်လက်တူးဖော်လျက်ရှိပြီး ပြည်ပနိုင်ငံများမှ ဝယ်ယူမှုမရှိသေးသောကြောင့် ကြက်သွန်နီဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။
DOCA (မကွေး)