အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ဖြစ်ပေါ်လျက်ရှိသော ခရမ်းချဉ်သီးဈေးနှုန်းများ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)ကို ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူ ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး အသေး အလိုက် ကျပ်(၁၅၀၀-၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်မတ်လ(ပထမပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ် သီး(၁)ပိဿာလျှင် ကျပ်(၉၀၀-၁၀၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)ပိဿာလျှင် ကျပ်(၆၀၀-၁၀၀၀)ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်းများမှာ ထွက်ရှိမှုမရှိတော့သည့်အတွက် ရှမ်းပြည်နယ်မှ ခရမ်းချဉ်သီးများကို အဓိကမှာယူရောင်းချရသည့်အတွက် သယ်ယူစရိတ်မြင့်မား၍  ဈေးနှုန်းများမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA (မကွေး)