
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်၊ ရွာတော်၊ မယ်ဇလီတော စသည့်ကျေးရွာများမှထွက်ရှိသည့် ဖူးစားပြောင်း (သကြားနှင့် ပြောင်းစီး)များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၅၀၀)၊ ပြောင်းစီး(၁) ဖူးလျှင် ကျပ်(၆၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်မတ်လ(ပထမပတ်)တွင် သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၃၅၀-၄၀၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၄၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် သကြားပြောင်းဖူး ကျပ်(၁၀၀-၁၅၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၂၀၀)ဈေးနှုန်းမြင့်တက်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ မင်းလှမြို့နယ်ဒေသတွင်းရှိ ပြောင်းဖူးစိုက်ခင်းများ အထွက်နှုန်း လျော့နည်းလာသည့်အပြင် ယခုအချိန်တွင် ပြောင်းဖူးစိုက်ခင်းအသစ်များ စတင်စိုက်ပျိုးချိန်ဖြစ်၍ ပြောင်းဖူးဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA (မကွေး)