ပြည်ခရိုင်အတွင်းတွင် ယခင်နှစ်၂၀၂၄ခုနှစ်၊ မတ်လအတွင်း စပါးအမျိုးအစားအလိုက် ဈေးနှုန်းမှာ မှော်ဘီ (၄၆)ပေါင် တင်း(၁၀၀)ဈေးမှာ (၂၁၅၀၀၀၀)ကျပ်၊ ကရင်စပါးဈေးမှာ (၂၀၀၀၀၀၀)ကျပ်၊ ရတနာတိုးစပါးမှာ (၁၇၃၀၀၀၀)ကျပ်၊ ဗီယက်နမ်စပါးမှာ (၁၆၅၀၀၀၀)ကျပ်၊ GW 11 မှာ (၁၆၅၀၀၀၀)ကျပ်၊ ထိုင်းနှံကောက်စပါးမှာ (၁၇၀၀၀၀၀)ကျပ်နှင့် ဆင်းသုခစပါးဈေးမှာ (၁၇၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ဆန်ဈေးများမှာ မှော်ဘီ၁၀၈ပေါင် တစ်အိတ် လျှင် (၈၀၀၀၀)ကျပ်၊ ရတနာတိုးဆန်တစ်အိတ်လျှင် (၆၈၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ ယခုနှစ် ၂၀၂၅ခုနှစ်၊ မတ်လတွင် မှော်ဘီစပါးတင်း ၁၀၀လျှင် (၁၇၄၈၀၀၀)ကျပ်၊ ရတနာတိုးစပါးမှာ (၁၆၅၆၀၀၀)ကျပ်၊ ထိုင်းနှံကောက်စပါးမှာ (၁၇၄၀၀၀၀)ကျပ်၊ ကရင်မစပါးမှာ (၁၅၆၄၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိပြီး ဆန်ဈေးမှာ မှော်ဘီတစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ နှံကောက်ဆန်တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်၊ ကရင်မဆန် တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိပါသည်။ ယခင်၂၀၂၄ခုနှစ်တွင် ယခုနှစ် ထက် စပါးဈေးများမြင့်တက်ခဲ့ပေမဲ့ ယခုနှစ်တွင် ဆန်များ အရောင်းအဝယ်ဖြစ်ပြီး အခြားသို့ တင်ပို့မှုနှင့် စပါးဝယ်ယူကြိတ်ခွဲရာတွင် ဆန်စက်ပိုင်ရှင်များအနေဖြင့် အမြတ်တွင်ခြေကိုက်မှု နည်းသည့်အတွက် အရောင်းအဝယ်ဈေးကွက်မတွင်ကျယ်ခြင်းတို့်ကြောင့် ယခုနှစ်တွင် ဈေးများ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။