
ပြည်ပဲမျိုးစုံဈေးကွက်မှာ ဒေသတွင်းစားသုံးမှုများသည့် ပဲသီးနှံများထဲတွင် ပဲနီပြားသီးနှံ အနေဖြင့် ဈေးကောင်းရလျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ပဲသစ်များ နေ့စဉ်ဝင်ရောက်နေ သည့် အတွက် တစ်ရက် အိတ် ၁၅၀/၂၀၀ ကျော် ဝင်ရောက်မှုရှိခဲ့ပါသည်။ ပဲလက်ကျန်များလည်း ရှိနေခဲ့တာကြောင့် လက်လီ/လက်ကား ဝယ်လိုအားရှိနေမှုအပေါ် အဝယ်ရှိသလောက် ရောင်းချ နေရကြောင်းသိရရပါသည်။ ပဲနီပြားသီးနှံဈေးမှာ တစ်တင်း ၁၁၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်သည့်အတွက် ပြည်ပဝယ်လက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ သီးနှံများထက်ပင် ဈေးကောင်းရ နေကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)