ထောပတ်ပဲစျေးနှုန်းစျေးကွက်

Powered by Drupal

          မန္တလေးပဲမျိုးစုံစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ထောပတ်ပဲ သီးနှံများ ဝင်ရောက်လာကြောင်း သိရပါ တယ်။ ပဲမျိုးစုံအနက် ပဲသီးနှံမှာ ပြည်တွင်း စားသုံးမှု နှင့်ပြည်ပသို့တင်ပို့ ရောင်းချသည့် စျေးကွက် ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၃၁.၁.၂၀၂၅ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံစိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက်နှုန်း(၆.၅၁)တင်းနှင့် အထွက်(၁၅၅၂၇၁) တင်း ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ထောပတ်ပဲ(ဂေါက်)(သစ်) ၃၃၀၀၀၀ ကျပ်၊(ဂေါက်ပြက်)(သစ်)၃၂၀၀၀၀ ကျပ်၊ ထောပတ်ပဲ(လတ်) ၂၈၀၅၀၀ ကျပ် နှင့် ၂၉၀၀၀၀ ကျပ်၊ထောပတ်ပဲ(သေး)ကျွန်း၂၇၅၀၀၀ကျပ်နှင့် ၂၈၀၀၀၀ ကျပ်၊ ထောပတ်သေး(ယော) ၂၈၀၀၀၀ ကျပ်နှင့် ၂၈၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ထောပတ်ပ ဲ(ဂေါက်)(သစ်) ၅၈၆၇ ကျပ်၊(ဂေါက်ပြက်)(သစ်)၅၆၈၉ကျပ်၊ထောပတ်ပဲ(လတ်) ၄၉၈၇ ကျပ်နှင့် ၅၁၅၆ ကျပ်၊  ထောပတ်ပဲ(သေး)ကျွန်း၄၈၈၉ကျပ်နှင့် ၄၉၇၈ ကျပ်၊ထောပတ်ပဲ(သေး) (ယော) ၄၉၇၈ ကျပ်နှင့် ၅၀၆၇ ကျပ် တို့ဖြစ်ကြောင်း သိရပါတယ်။ယခင်နှစ်ကာလတူ ပေါက်စျေး မှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(လတ်)၃၂၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ၅၆၈၉ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါတယ်။ ထောပတ်ပဲဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ် ပြောင်းလဲမှုရှိ ကြောင်း သိရပါတယ်။

DOCA(မန္တလေး)