ပခုက္ကူမြို့နယ်အတွင်း ငရုတ်သီးနှံစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ငရုတ်သီးများကို ကျွန်းဦး၊ ကျွန်းညို၊ ပခုက္ကူကျွန်းများနှင့် မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စုကျေးရွာများတွင် ငရုတ်သီး များကို စိုက်ဧက(၂၅၀၀၀)ကျော်  တစ်ကွင်းတစ်စပ် စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးသောမျိုးများမှာ  ပန်းရဲ၊မျှားနီနှင့် အစပ်သီး အမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။

     ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂) ဈေးတို့တွင် ငရုတ်သီးအစို၊ အခြောက်များ ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် ငရုတ်သီးအစိုဈေးနှုန်းများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မေလတွင် ရောင်းချနေသော ငရုတ်သီးအစိုဈေးမှာ ငရုတ်သီးအမျိုးအစားကို လိုက်၍ တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၆၀၀၀)ဖြစ်ပြီး ယခင်ဧပြီလ(စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၈၀၀၀)ဖြင့်ရောင်းချ၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်ဈေးမှာ အမျိုးအစားကိုလိုက် ၍ ကျွန်းငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၀၀၀၀)၊ ပန်းရဲငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၃၀၀၀)၊ ကျောက်ပန်းတောင်းပုပ္ပါးမှ ထွက်ရှိသော ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ငရုတ်သီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငရုတ်သီး အရောင် တင်မှုန့် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဖြင့်ရောင်းချနေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့၊ မိတ္ထီလာနယ်များသို့ တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)