တောင်ငူမြို့မှ ပေါ်ဦးပေါ်ဖျား ဒညင်းသီးများ

Powered by Drupal

     တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားဒေသများမှ ရာသီပေါ်သီးနှံများ လာရောက် ရောင်းချပေး လျက်ရှိရာ ယခုအခါ   မော်လမြိုင်ဘက်မှ ဒညင်းသီးများ စတင် ရောင်းချလျက် ရှိပါသည်။

     ဒညင်းသီး (အကြီး) (၁၀)လုံးလျှင် ၅၀၀၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၄၅၀၀၀ကျပ်၊ အလတ် ၁၀ လုံးလျှင်       ၃၀၀၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင်     ၂၅၀၀၀   ကျပ်၊ အသေး ၁၀ လုံး လျှင် ၁၅၀၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၁၀၀၀၀ ကျပ် အထိ ဈေးနှုန်းအသီးသီး ရှိပါသည်။

     ယခုအခါ ဒညင်းသီးပေါ်စ ဖြစ်သဖြင့် ဈေးကောင်းပါသည်။ သံတောင်ဘက်မှ ဒညင်းသီး များ ဖြိုင်ဖြိုင်ပေါ်လာပါက ဈေးနှုန်းများ တဖြည့်ဖြည်းကျဆင်းလာနိုင်ပြီဟု ဒညင်းသီး အရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)