ဖြူးမြို့မှ အာလူးဈေးနှုန်းမြင့်တက်၍ ကြက်သွန်နီဈေး ကျဆင်း

Powered by Drupal

     ဖြူးမြို့နယ် မြို့မဈေးတွင် ယခင်လ တတိယအပတ်တွင် အာလူး ဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၅၀၀၀ မှ ၅၅၀၀ ထိရှိခဲ့ပြီး ယခုလ လဆန်းပိုင်းတွင် အာလူးတစ်ပိဿာလျှင် အသေး ၅၅၀၀ကျပ် ၊ အလတ် ၇၀၀၀ ကျပ် နှင့် အကြီး ၇၅၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း မြင့်တက် သွားကြောင်း သိရှိရပါသည်။

    ယခုအချိန်အခါတွင် ကြက်သွန်နီများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ကြက်သွန်နီ ရောင်းချသော သူများ နှင့် အိမ်ရှင်မများက အများ အပြား ဝယ်ယူသိုလှောင်လျှက် ရှိကြပါသည်။ ယခင်လ လဆန်းပိုင်းက ကြက်သွန်နီ တစ်ပိဿာ လျှင် ၆၀၀၀ ထိ မြင့်တက်ခဲ့ပြီး ၊ ယခု အခါ ကြက်သွန်နီ များ နယ်ပယ်အသီးသီး တင်သွင်းလာပြီ ဖြစ်သည့်အတွက် ကြက်သွန်နီ တစ်ပိဿာလျှင် ၂၀၀၀ မှ ၂၅၀၀ ကျပ်ထိ ဈေးနှုန်းများ နှစ်ဆ လောက် ကျဆင်းနေကြောင်း သိရှိရပါသည်။

     သင်္ကြန်ပြီးလျှင် ဈေးနှုန်းများ ပုံမှန်အတိုင်း တက်နိုင်သည်ဟုလည်း ဖြူးမြို့မ ဈေးအတွင်း ရောင်းချနေသော ဈေးသည်များ ထံမှ သိရှိရပါသည်။

DOCA(ပဲခူး)