တောင်ငူမြို့ ညောင်ပင်ဈေးတွင် အတာကြိုအိုးများ ရောင်းအားကောင်း

Powered by Drupal

     မြန်မာတို့တွင်  (၁၂)လ ရာသီ ပွဲတော်များ ကျင်းပလျက်ရှိရာ ဧပြီလတွင် ကျရောက်သော သင်္ကြန်ပွဲတော်သည် အစည်ကားဆုံး ဖြစ်သည်။ မြန်မာနှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကြိုဆို သော အဆိုပါ သင်္ကြန်ပွဲတော် ကာလတွင် မြန်မာ့ထုံးထမ်းအစဉ်လာအရ ဘာနုရာဇာမည်သော တနင်္ဂနွေ ဂြိုလ်မင်းသည် လူပြည်သို့ ဆင်းသက်လာသည်ဟု အယူရှိကြပါသည်။

     တနင်္ဂနွေ ဂြိုလ်မင်း လူ့ပြည်သို့ ဆင်းသက်လာခြင်းအား အတာအိုးများဖြင့် ကြိုဆိုကြ ပါသည်။ သင်္ကြန်ပြီး၍ နှစ်ဆန်းတစ်ရက်နေ့တွင် အိမ်တွင်ပရိတ်အိုးများ ပြုလုပ်ပြီး စုပေါင်းပရိတ် တရားတော်နာယူကြပါသည်။

     ထို့ကြောင့် နှစ်စဉ် သင်္ကြန်ကာလတွင် အတာအိုးများမှာ ရောင်းအားကောင်းသော ပစ္စည်း တစ်မျိုး ဖြစ်ပါသည်။ တောင်ငူမြို့ ညောင်ပင်ဈေးတွင် အတာအိုး တစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချပေးနေကြောင်း အတာအိုး ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)