
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် (၁၆၀၀-၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ အာဗြဲခြောက် အချိုခြောက် တစ်ဆယ်ကျပ်သားလျှင် (၃၅၀၀-၄၀၀၀-၆၀၀၀) ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သား လျှင် (၂၈၀၀-၃၀၀၀) ကျပ်၊SP ခြောက် (ငဖီးမ)ခြောက်တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ်ကျပ်သားလျှင် (၂၀၀၀-၂၄၀၀-၂၈၀၀) ကျပ်၊ ကပ်ကူရံခြောက် ၁၀ကျပ် သားလျှင်(၅၅၀၀)ကျပ်၊ ငရံ့ခြောက် ၁၀ကျပ်သားလျှင် (၄၀၀၀-၅၀၀၀-၆၀၀၀)မှ ၁၂၀၀၀ကျပ်၊ ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ ကျပ်ဈေးတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိပါသည်။
ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၃၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသောပုဇွန်ခြောက်မှာ ၁၀၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များကို ရောင်းချသော ပုဇွန်ခြောက် များကိုအများဆုံး ဝယ်ယူစားသုံးကြကြောင်း ဈေးအတွင်း ငပိ၊ငခြောက်၊ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)