ပြည်ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

     ယခုပူပြင်းလှသော‌နွေရာသီ ဧပြီလလယ်တွင် ပြည်ဈေးကွက်၌ ခရမ်းချဉ်သီးများရှားပါးလျက် ရှိပြီး ဗမာသီးနှင့် ရှမ်းသီး(၂)မျိုးလုံးရှားပါးလျက်ရှိကြောင်းသိရပါသည်။ ယခုအခါတွင် ရှမ်းသီးမှာ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်ဘက်မှ ဝင်‌ရောက်မှုရှိပြီး အဝင်နည်းလျက်ရှိပါသည်။ ယခင် ဖေဖော်ဝါရီ လဆန်းတွင် ဈေးကွက်အတွင်း ပစ္စည်းပေါပြီး ဈေးနှုန်းမှာလည်း တစ်ပိဿာ လျှင်ကျပ် (၁၈၀၀/၂၀၀၀)ခန့် ‌ရောင်းဝယ်လျက်ရှိသည်။ ယခုဧပြီလတွင် ပစ္စည်းလက်ကျန်နည်းပြီး ၁ပိဿာ လျှင် ကျပ်(၂၅၀၀/၂၈၀၀) ခန့်ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် တက်လျက် ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)