တောင်ငူမြို့မှ သလဲသီး

Powered by Drupal

     သလဲသီးများသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် အသီးတစ်မျိုးဖြစ်ပါ သည်။ သလဲသီးတွင် အမျှင်ဓါတ်၊ အသားဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်စသည့် ဓါတ်များကြွယ်ဝစွာ ပါဝင်ပါသည်။

     သလဲသီးစားသုံးခြင်းအားဖြင့် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာများကို သက်သာစေ နိုင်သည့်အပြင် သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်သောကြောင့် သွေးတိုးရောဂါရှိသူများ စားသုံးသင့် သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ သလဲသီးကို ဖျော်ရည်လုပ်၍ သောက်နိုင်သကဲ့သို့ အသီးအနေဖြင့် လည်း စားသုံးနိုင်ပါသည်။

     သလဲသီးတစ်လုံးလျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ရောင်းချကြောင်း၊ ကျန်းမာရေး အတွက် အကျိုးရှိသကဲ့သို့ အလှအပအတွက်လည်း အသုံးဝင်သည့်အသီးဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)