
ငါးဖောင်ရိုးငါးသည် နှုတ်သီးချွန်ချွန်၊ အရောင်ကြည်ကြည်နဲ့ ပိန်သွယ်သွယ်ငါးမျိုးဖြစ်သော် လည်း အသားမှာတော့ မာမာလေးဖြစ်ပါသည်။ ငါးဖောင်ရိုးဟုခေါ်သော်လည်း ထိုငါးမှာ အ လယ်ရိုးတစ်ရိုးသာပါ သောကြောင့် အရိုးများတဲ့ ငါးကိုကြောက်တတ်ကြတဲ့ စားသုံးသူတွေေအတွက် စားသုံးဖို့ သင့်တော်သောငါးမျိုးလည်း ဖြစ်ပါသည်။ ငါးဖောင်ရိုးငါးမှာ နှုတ်သီးချွန်ချွန်၊ အရောင်ကြည်ကြည်လေးနှင့် ပိန်သွယ်သွယ် ငါးတစ်မျိုးဖြစ်သော်လည်း ငါးအသားမှာတော့ မာဆတ်ဆတ်လေးဖြစ်နေပါသည်။ သူ့ခန္ဓာကိုယ်သည် ငွေမှင်ရောင်နှင့် အစိမ်းရောင်လဲ့လဲ့စပ်ထား သည့် အရောင်မျိုးရှိကြပါသည်။ ငါးဖောင်ရိုးငါးမှာ တစ်ခြားငါးများကဲ့သို့ အကြေးခွံများကို မမြင် ရသော်ငြား ငါးကိုယ်ထည်လေးကို လက်သည်းနှင့် အသာခြစ်ယူလိုက်ပါကအရောင် ကြည်ကြည် အကြေးခွံသေးသေးလေးတွေကို ဖယ်ရှားပြီးသား ဖြစ်သွားပါလိမ့်မည်။ ထိုငါးသည် ရေချိုနှင့် ရေငန်စပ်တို့တွင် နေထိုင်ကျက်စားတတ်သည်ကို တွေ့ရှိရပါသည်။ စားသုံးသူများမှာ ငါးဖောင်ရိုး ငါးအစိုကို အကြွပ်ကြော်၊ ငါးဖောင်ရိုးအိုးကပ်၊ ငါးဖောင်ရိုး ခရမ်းချဉ်သီးအစပ်ချက်၊ ငါးဖောင်ရိုး ချဉ်စပ် ဟင်းဟူ၍ ချက်စားတတ်ကြပြီး ငါးဖောင်ရိုးခြောက်ကိုမူကင်စား၊ ကြော်စား ခြင်းများပြုလုပ်ကြ ပါသည်။ ထိုငါးဖောင်ရိုးခြောက်ငါးများကို ရာသီပေါ်ချိန်တွင်သာ ဈေးကောင်းကောင်းပေး၍ စားသုံး သူများမှ ဝယ်ယူစားသုံးကြပြီး ဈေးကွက်ထဲတွင် ပစ္စည်းပြတ်လပ်သည်အထိ အရောင်းအဝယ် သွက်သော နာမည်ကြီးငါးခြောက် တစ်မျိုးဖြစ်ပါသည်။ ငါးဖောင်ရိုးခြောက်ကို စက်တင်ဘာလ စတုတ္ထပတ်မှစတင်၍ ဈေးများတွင်တွေ့ရှိရပြီး ပေါ်ဦးပေါ်ဖျားတွင်အကောင်ကြီး တစ်ပိဿာလျှင် ကျပ် (၅၇ဝဝဝိ)၊ အကောင်လတ် တစ်ပိဿာလျှင် (၅ဝဝဝဝိ) ကျပ်ရှိပြီး၊ ယခုအောက်တိုဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် အကောင်ကြီးတစ်ပိဿာလျှင် ကျပ် (၅ဝဝဝဝိ)ကျပ်၊ အကောင် လတ်တစ်ပိဿာလျှင် (၄ဝဝဝဝိ) ကျပ်ရှိပြီး ဈေးကြီးသော်လည်း စားသုံးသူများ များပြားသည့်အတွက် ဈေးကွက်တွင်ပစ္စည်းများ ပြတ်လပ်သည်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)