
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျောသီးများသည် ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့ နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။
၂၀၂၅ ခုနှစ် ၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ဒေသထွက်ငှက်ပျောသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖီကြမ်းသီး အလုံးလှ(၁)ဖီးလျှင် ၂၅၀၀ကျပ်၊ အလုံးအသေး(၁)ဖီးလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငှက်ပျောသီးစားသုံးခြင်းသည် ကျန်းမာရေးကိုအထောအကူပြုသည့်အတွက် လူကြီးလူငယ်မရွေး စားသုံးကြ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)