
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများ မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
စပျစ်သီးအမျိုးအစားများမှာ အလုံးသီးနှင့် အချွန်းသီး နှစ်မျိုးရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီးအလုံး(၁)ပိဿာလျှင် ၁၅၀၀၀ကျပ်၊ (၂၅)ကျပ်သားလျှင် ၃၉၀၀ကျပ်၊ စပျစ်သီးအချွန်း(၁)ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အပြင် ရွှေရင်အေးဆိုင်များမှ ဝယ်ယူကြ သည့်အတွက် စပျစ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)