ပြည်ခရိုင်အတွင်း စပါးဈေးများတည်ငြိမ်၊ ဆန်ဈေးအနည်းငယ်ကျ

Powered by Drupal

     ပြည်ခရိုင်၊ တွင်စပါးဈေးနှုန်းများမှာ ယခင်လက်ကျန်ဈေးနှုန်းဖြင့် မှော်ဘီ တင်း(၁၀၀)ဈေး ၁၇၄၈၀၀၀ကျပ်၊ ကရင်မတင်း(၁၀၀)ဈေး ၁၅၆၄၀၀၀ကျပ်၊ရတနာတိုးမှာ ၁၅၆၄၀၀၀ကျပ်၊ နှံကောက်စပါးမှာ ၁၇၄၀၀၀၀ကျပ်ဈေးရှိသော်လည် စပါးအရောင်းအဝယ်မရှိပါ။ ဆန်ဈေးများမှာ မှော်ဘီဆန် (အဟောင်း)မှာ ၇၀၀၀၀ကျပ်၊ ကရင်မဆန် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ ဆင်းသွယ်ဆန် တစ်အိတ်လျှင် ၇၂၀၀၀ကျပ်၊ ရိုးနီတစ်အိတ်လျှင် ၉၈၀၀၀ကျပ်ဖြစ်၍ ဆန်တစ်အိတ်လျှင် ဈေးအနည်းငယ်ကျနေခဲ့ပါသည်။

     အခြားခရိုင်များမှထွက်ရှိသောနွေစပါးများကို ကြိတ်ခွဲ၍ရောင်းချနေသောဆန်သစ်များကို ပြည်ခရိုင်အတွင်းမှ အရောင်းအဝယ်ရှိနေသော ဈေးများကတော့ အင်းမရဲဘော်(၂၄) ပြည်တစ် အိတ်လျှင် ၆၃၀၀၀ကျပ်၊ အင်းမစူပါတစ်အိတ်လျှင် ၆၅၀၀ကျပ်၊ ကရင်မဆန်သစ် တစ်အိတ်လျှင် ၅၄၀၀၀ကျပ်၊ ဆင်းသွယ်သစ် တစ်အိတ်လျှင် ၆၃၀၀၀ကျပ်၊ ရိုးနီ(အသစ်)(ခပ်ချက်)တစ်အိတ်လျှင် ၉၅၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၆၃၀၀၀ကျပ်၊ ရတနာတိုး ဆန်သား၈၅% တစ်အိတ်လျှင် ၅၃၀၀၀ကျပ်၊ ရတနာတိုးဆန်သား ၇၅% တစ်အိတ်လျှင် ၅၁၀၀၀ကျပ်၊ မှော်ဘီဆန်သစ် တစ်အိတ်လျှင် ၇၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ဧရာဝတီ ၊ ပုသိမ်မြို့မှ ပခမ်းဆန်သစ် တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ ဆန်တင်ပို့ရောင်းချမှုအနေဖြင့် ပြည်ခရိုင်မှ ဧပြီလတွင် မကွေး၊ အောင်လံ၊သရက် အေးသာယာမြို့များသို့ ဆန်အိတ်ရေစုစုပေါင်း ၃၃၄၇ အိတ် တင်ပို့နိုင်ပြီး ၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းမှ ပြည်ခရိုင်သို့ ဝင်ရောက်မှုအနေဖြင့် ဆန်အိတ် ၉၀၀ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)