ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော သခွားမွှေးသီးဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်း၊ သခွားမွှေးသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ လည်းကောင်း၊ ရွှေဘိုမြို့သစ်သီးလက်လီ၊လက္ကားဆိုင်များမှလည်းကောင်း ဝယ်ယူရောင်းချလျက် ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော သခွားမွှေးသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ သခွားမွှေးအလုံးကြီး(၁) လုံးလျှင် ၄၀၀၀ကျပ်၊ သခွားမွှေးအသေး(၁)လုံးလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)