ကန့်ဘလူမြို့နယ်တွင် ဒေသထွက် မေမြို့ပန်းများ အဝင်နည်း၍ အရောင်းသွက်

Powered by Drupal

          မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင် ၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ် ပူဇော်ခြင်းနှင့် မြန်မာ့ဓလေ့ထုံးတမ်းများ တွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း သိရသည်။

           ယခုအခါ ကန့်ဘလူမြို့နယ်အတွင်း မေမြို့ပန်းများ အထွက်နည်းလားကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူ မြို့မဈေးသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း မေမြို့ပန်း(၁)ပင် လျှင်(၅၀၀)ကျပ်၊ (၃)ပင်တစ်စည်းလျှင် (၁၅၀၀)ကျပ်နှင့် (၅)ပင်တစ်စည်းလျှင် (၂၃၀၀)ကျပ်ဖြင့် ရောင်းချကြောင်း အဝင်နည်းလာသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချ သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)