ဘားအံမြို့ဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

Powered by Drupal

၂၀၂၅ခုနှစ်၊ မေလ ပထမအပတ်တွင် ကရင်ပြည်နယ်ဒေသထွက် သကြားပြောင်းဖူးများ အရောင်းအဝယ်သွက်လျက် ရှိကြောင်းသိရသည်။ ဒေသခံတောင်သူများသည် ရာသီပေါ်သီးနှံ သကြားပြောင်းများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တနိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွား ဖြစ်လည်းစိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ မီးဖုတ်၍လည်းစားသုံး နိုင်သလို ကြက်ဥဖြင့်လည်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။

သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြားဓာတ်တိုးပစ္စည်း ပျက်စီးမှုကနေအထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင့် ကျန်းမာရေးအတွက်ကောင်းကြိုး ဖြစ်စေပါသည်။ သကြားပြောင်းစားသုံးခြင်းအားဖြင့်  အရွယ်တင်စေခြင်း၊ အသားအရေကြည်လင် စေခြင်း၊ ဝက်ခြံအမာရွတ်တွေကို သက်သာစေခြင်း၊ ဦးရေပြားကိုသွေးစီးဆင်းမှု ကောင်းမွန်စေခြင်း၊ ဆံသားကျန်းမာသန်စွမ်းစေခြင်း၊ သွေးအားနည်းရောဂါ မဖြစ်အောင်ကာကွယ်ပေးခြင်း၊ သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေနိုင်ခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ အင်အားပြည့်စေခြင်း၊ နှလုံးကျန်းမာစေနိုင်ခြင်း၊  အစာကြေစေနိုင်ခြင်း စသည့်အကျိုးအာနိသင်များရရှိစေနိုင်ပါသည်။

 သကြားပြောင်းလက်လီဈေးနှုန်းများမှာ တစ်ဖူးလျှင် (၅၀၀)ကျပ်၊ ၅ဖူးလျှင် (၂၀၀၀)ကျပ်နှင့် လက်ကားဈေးနှုန်းမှာ (၁၀၀)ပါ ၁အိတ်လျှင် (၃၇၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)