မန်းမြို့တွင်းမန်းကျည်းနှင့်ဆီးသီးခြောက်ဈေးကွက်

Powered by Drupal

           မန္တလေးမြို့တွင်းသို့ မကွေးတိုင်းရေနံချောင်း၊ ချောက်၊ စလေနယ်များမှ အညာဇီးသီး ခြောက်နှင့်မန္တလေးမြို့အနီးဝန်ကျင် ထုံးဘို၊ ကျောက်ချော၊ ရွှေစာရံနယ်များမှဇီးသီးခြောက်များ ဝင်ရောက်သကဲ့သို့ မန်းကျည်းမှည့်များအနေနှင့် ကျောက်ပန်တောင်း၊ ရမည်းသင်း၊ မိတ္ထီလာ နယ်များနှင့် မန်းမြို့အနီးတဝိုက် အမရပူရ၊ မတ္တရာ၊ ပုသိမ်ကြီးနယ်များမှမန်းကျည်မှည့်များ မန္တလေးဈေးကွက် အတွင်းဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မန်းကျည်းမှည့် နှင့်ဇီးသီးခြောက်များကို အချဉ်ပေါင်းထုတ်လုပ်ရောင်းချသူများ ၊ ယိုစုံထုတ်လုပ် ရောင်းချသူများ နှင့်မန်းကျည်းဖျော်ရည်၊ ဇီးဖျော်ရည်ရောင်းချသူများမှဝယ်ယူခြင်း၊ မိသားစုတနိုင်ပိုင် စားသုံးရန် နှင့်ကြိုတင် ဝယ်ယူသိုလှောင်ထားခြင်းများကြောင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။ မန္တလေးမြိုအတွင်း မန်းကျည်းမှည့်နှင့် ဇီးသီးခြောက်ဈေးနှုန်းဈေးကွက်အနေနှင့် မန်းကျည်းမှည့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ(၁၀၀၀၀)ကျပ်၊ ဇီးသီးခြောက်တစ်ပြည်လျှင် အချို (၃၅၀၀) ကျပ် မှ(၄၀၀၀)ကျပ်၊ ဇီသီးအချဉ်သီးခြောက်တစ်ပြည်လျှင်(၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ် ဈေးနှုန်းများနှင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းလေ့လာ သိရှိရပါသည်။

DOCA(မန္တလေး)