မြင်းတန်း စျေးရှိ ပန်းကုံးစျေးကွက်

Powered by Drupal

           မန္တလေးမြို့၊သီရိမာလာပန်းစျေးကွက်တွင် ရာသီဥတုပူပြင်းသည့်အချိန်ဖြစ်၍ ပန်းကုံးစျေး အနည်းငယ်မြင့်တက်သွားပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါတယ်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်းပုသိမ်ကြီးမြို့နယ်၊မတ္တရာမြို့နယ်၊အမရပူရမြို့နယ်၊ပြင်ဦးလွင်မြို့နယ် နှင့်ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)တို့မှထွက်ရှိသည့်ပန်းများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စိုက်ပျိုးသည့်ပန်းများ ဝင်ရောက်မှုများပြားကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ် မေလပထမပတ် အတွင်းဖြစ်ပေါ်သည့်ပန်းကုံးလက်လီပေါက်စျေးနှုန်းများမှာ  စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျင် ၁၀၀ဝိ/-နှင့် ၁၅၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၁၅၀ဝိ/-နှင့် ၁၈၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊သနပ်ခါးပန်း၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ကံ့ကော်ပန်း ၁၀ ကုံးပါတစ်တွဲလျင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိပြီး၊ ပန်းလတ် ဆပ်မှုအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)