
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အနေဖြင့် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူ ကိုတောင်သာမြို့နယ်တွင်အများဆုံးစိုက်ပျိုးပြီး စိုက်ဧက(၃၂၀)ရှိကြောင်း၊ ထွက်ရှိသောကြက်သွန်ဖြူ များကို မြင်းခြံဈေးကွက်သို့ရောင်းချကြောင်း မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့တွင်လည်း စိုက်ပျိုးထားကြောင်းသိရသည်။ စိုက်ပျိုးမှုအနေဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်စိုက်ပျိုးပြီး ဖေဖော်ဝါရီနှင့်မတ်လတို့တွင် ထွက်ပေါ်ကြောင်းသိရသည်။ ကြက်သွန်ဖြူတစ်ဧကလျှင်ပိဿာချိန် (၁၃၀၀-၁၅၀၀) ခန့်ထွက်ရှိကြောင်းသိရသည်။ လက်ရှိမြို့ပေါ်ရောင်းဝယ်နေသော ကြက်သွန်ဖြူ ဈေးနှုန်းများအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းစ) ၄၇၀၀-၇၅၀၀ ကျပ် ၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၂၀၀၀-၁၃၀၀၀ ၊ ကျပ်ဈေးရှိကြောင်းသိရသည်။
DOCA(မန္တလေး)