မြင်းခြံမြို့ ငရုပ်စိုက်ပျိုးမှုနှင့်ဈေးနှုန်း

Powered by Drupal

   မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော ငရုပ်သီးကို မြင်းခြံမြို့နယ်တွင်( ၈၆၀   )ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စာရင်းများအရသိရသည်။ ငရုပ်တွင် ကျွန်းလေးငရုပ်နှင့်မိုးတောင်ငရုပ် (ကျွန်းပေါလော)ဟူ၍ နှစ်မျိုး ရှိပြီး ကျွန်းလေးသည် အပု ၊ အပွ ဖြစ်ပြီး မိုးတောင်ငရုပ်သည် အရှည်ဖြစ်ကြောင်း အရောင်တင်မှုံ့ ၊ ငရုပ်သီးမှုံ့ပြုလုပ်သူများဝယ်ယူသုံးစွဲကြသည်ဟု သိရသည်။ စိုက်ပျိုးကာလအနေဖြင့် စက်တင်ဘာနှင့်အောက်တိုဘာလများတွင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့် မတ်လတွင်ထွက်ပေါ်ကြောင်း တစ်ဧကလျှင် ၈၀-၉၀ တင်း ထွက်ရှိကြောင်း ဈေးနှုန်းအနေဖြင့် အရည်အသွေးပေါ်မူတည်၍ အမျိုးအစားအလိုက် ငရုပ်တစ်ပိဿာလျှင်ငွေကျပ် (၇၀၀၀-၁၁၅၀၀) ဈေးများရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)