အရောင်းသွက်သည့်ငါးခြောက်စျေးကွက်

Powered by Drupal

     ၂၀၂၅  ခုနှစ်မေလပထမပတ်အတွင်း   အလှူပွဲတော်များ၊  ဘုရားပွဲများနှင့်  မင်္ဂလာပွဲများ ကျင်းပမှုများပြားသည့် ရာသီဖြစ်ပြီး၊  မန္တလေးစျေးချိုတော်တွင် ငါးခြောက်များအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။  မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ် သည့်ငါးခြောက်၊ ငါးပိ နှင့်ပုဇွန်ခြောက် များအား ရန်ကုန်တိုင်းဒေသကြီးနှင့်  မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။  ၂၀၂၅ ခုနှစ်မေလပတ်အတွင်းအမျိုးအစားအလိုက်တစ်ပိဿာ ပေါက် စျေးတို့မှာ  ငါးနီတူး ခြောက် ၂၀၀၀ဝိ/- နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊  ငါးရောင်ခြောက်  ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ငါးရံ့ခြောက် (ပြား)၈၅၀၀ဝိ/-  နှင့် ၉၅၀၀ဝိ/-၊ ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/- စျေးတို့ အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)