ရာသီစာ ထန်းသီးဆံဈေးကွက်

Powered by Drupal

          မန္တလေးမြို့ဈေးကွက်အတွင်း ကျောက်ဆည်၊ မြင်းခြံ၊ မိတ္ထီလာမြို့နယ်မှ ဝင်ရောက်လာသည့် ထန်းသီးများ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါထန်းသီးများကို ယခုရာသီကာလတွင် ကျောက်ဆည်၊ မြင်းခြံ၊ မိတ္ထီလာမြို့နယ် ထန်းစိုက်တောင်သူများထံမှ မှာယူ၍ ရောင်းချခြင်းဖြစ်ပြီး ထန်းသီးတစ်လုံးလျှင် ၅၀၀ ကျပ်နှုန်း၊ တစ်ထောင်ကျပ်ဖိုး ဝယ်ယူလျှင် သုံးလုံးနှုန်းဖြင့်လည်းကောင်း၊ ထန်းသီးဆံ သီးသန့်ဝယ်ယူလိုသူများအတွက် တစ်ထောင်ကျပ် ဖိုးလျှင် ၅ ဆံမှ ၆ ဆံအထိ ရောင်းချပေးနေကြောင်း သိရသည်။ ထန်းသီးတစ်ခိုင်လျှင် ထန်းသီး အလုံးရေ ၁၈ လုံးမှ ၂၅ လုံးအထိ ထွက်ရှိပြီး အလုံးရေပေါ်မူတည်၍ တစ်ခိုင်လျှင် ငွေကျပ် ၅၀၀၀ မှ ၈၀၀၀ ကျပ်နှုန်းအထိ ရောင်းချရကြောင်း၊ ယခင်နှစ်များက ထန်းသီးပေါ်ချိန်တွင် လားရှိုး၊ မူဆယ်၊ ဖားကန့်နှင့် ပြင်ဦးလွင်မြို့များမှ အခိုင်လိုက် လာရောက်ဝယ်ယူမှုများရှိကြောင်း သိရသည်။

DOCA(မန္တလေး)