ပုဇွန်ခြောက်ဈေးကွက်

Powered by Drupal

     ပုဇွန်ခြောက်သည် မြန်မာနိုင်ငံတွင် အိမ်သုံးစားသောက်ကုန်အပြင် ရောင်းချလျက်ရှိပြီး အရသာရှိသော စားစရာတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပုဇွန်ခြောက်ကို မြစ်ချောင်း၊ အင်းအိုင် နှင့်ကမ်းရိုးတန်းဒေသများတွင် အများဆုံးဖမ်းဆီးထုတ်လုပ်သည်။ ပုဇွန်ခြောက်ထုတ်လုပ်မှုကို ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းကဲ့သို့သော ပင်လယ်နှင့်နီးသော ဒေသများတွင် ပုဇွန်ခြောက်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

      မြင်းခြံမြို့အတွင်းရှိ အေးမြသီတာဈေးတွင် ရောင်းချနေသော ပုဇွန်ခြောက်(အချို) လက်လီ ဈေးများမှာ အသေး ၁၀ ကျပ်သား(၁၂၀၀၀) ကျပ်၊ အလတ် ၁၀ ကျပ်သား(၁၄၀၀၀) ကျပ်နှင့် အကြီး ၁၀ ကျပ်သား (၁၉၀၀၀) ကျပ် ဈေးများဖြင့် အသီးသီးရောင်းချလျက်ရှိသည်။ ပုဇွန်ခြောက်တွင် ခန္ဓာကိုယ်အတွက်အရေးပါသော အာဟာရဓာတ်များကြွယ်ဝစွာပါဝင်ပြီး ကယ်လ်ဆီယမ်နှင့် သံဓာတ်ပါဝင်သောကြောင့် အရိုးနှင့်သွားများကို သန်မာစေခြင်း၊ သွေးအားနည်းရောဂါကို ကာကွယ် ပေးသည်။ ပုဇွန်ခြောက်ကို ဟင်းချိုပြုလုပ်ရာတွင် အခြေခံအဖြစ် အသုံးပြုကြပြီး ငါးပိရည်တွင် ပုဇွန်ခြောက်ထည့်ကာ ငံပြာရည်အဖြစ် စားသုံးလေ့ရှိသလို ပုဇွန်ဘာလချောင်ကြော်၊ ပုဇွန်ငံပြာရည် ကြော် စသည်ဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ အိမ်ရှင်မများအနေဖြင့် ပုဇွန်ခြောက်ဝယ်ယူသည့် အခါ ကျန်းမာရေးအတွက် သင့်တော်၍ လတ်ဆတ်သော ပုဇွန်ခြောက်များကို ဝယ်ယူစားသုံးသင့် ပေသည်။

DOCA(မန္တလေး)