ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

Powered by Drupal

         ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၉.၅.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၈၅၀ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၆၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၁၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၈ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၀၈၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၃၃၄၂ အိတ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၈၄၇၊ လက်စအိတ်ရေ ၁၃၆၉၊  ၂၅ မတ်ဆန် အိတ် ၁၂၆၀၊ ဆန်ကွဲအိတ်ရေ ၃၉၆၂၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၁၈၀ အိတ်၊ ဆန်ကြမ်းထိပ်စ အိတ်ရေ ၂၂၅၆၊ လက်စအိတ်ရေ ၁၂၄၀၊  ၂၅ မတ်ဆန်အိတ် ၉၀၀၊ ဆန်ကွဲအိတ်ရေ ၄၁၅၀ တို့ဝင်ရောက် ကြောင်း သိရှိရပါသည်။

          ၉.၅.၂၀၂၅ ရက်နေ့တွင် ဆန်ဝင်ရောက်မှုမှာ ယခင်နေ့ထက်လျော့နည်းပြီး ဆန်ဈေးနှုန်း များမှာလည်း ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)