ကင်းပုံသီးစျေးကွက်

Powered by Drupal

            ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ဒေသထွက်ကုန်စိမ်းသီးနှံများ ဝင်ရောက်မှုများပြားကြောင်း သိရပါတယ်။  ကင်းပုံသီးမှာ အချိုမျိုး နှင့် အခါးမျိုးနှစ်မျိုးရှိပြီး၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံးနိုင်ကြောင်း  သိရပါ တယ်။ ကင်းပုံသီးအခါးသီးမှာ ဆေးဖက်ဝင်ကြောင်း ပြီး၊ (၁၂)လ  ရာသီနီးပါးထွက်ရှိသည့်အစား အစာဖြစ်ကြောင်း   သိရပါတယ်။   ၂၀၂၅ခုနှစ်မေလပထမပတ်အတွင်း  ကုန်စိမ်းစျေးကွက်တွင် ကင်းပုံသီးအချိုသီး (၂၅) လုံးလျှင် ၂၀၀၀ကျပ် နှင့် ၂၅၀၀ ကျပ်၊ အခါးသီး (၂၅)လုံးလျှင် ၁၅၀၀ကျပ် နှင့် ၁၈၀၀ ကျပ်၊ အခါးမျိုး(အလုံးသေး) စျေးမှာ တစ်ပိဿာလျှင်၁၈၀၀ကျပ်နှင့် ၂၀၀၀ ကျပ်အသီး သီး ဖြစ်ပေါ်လျက်ရှိပါတယ်။ ကင်းပုံသီးမှာ အလုံးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြား မှုရှိပြီး၊ အရောင်းသွက်လျက်ရှိသည့်အမယ် ဖြစ်ကြောင်း သီးနှံပွဲရုံကုန်သည်တစ်ဦး ၏ပြောပြချက် အရသိရပါတယ်။

DOCA(မန္တလေး)