
မန္တလေးသစ်သီးစျေးကွက်သို့ မေလပထမပတ်အတွင်း စပျစ်သီးဝင်ရောက်မှုများပြားပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်မှ ထွက်ရှိ သည့် စပျစ်သီးဝင်ရောက်မှုများပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှလည်း ဝင်ရောက်ကြောင်း သိရပါ တယ်။ ရမည်းသင်းခရိုင်တွင် စားစပျစ်နှင့်ဝိုင်စပျစ်(၂) မျိုးလုံး စိုက်ပျိုးလျက်ရှိပြီး၊ အီတလီ No(3)၊ BQ ၊ BK ၊ RG စပျစ်မျိုးများ၊ရိုးရိုးအချွန်၊ ပန်းရောင်အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုး ကြောင်း သိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊စျေးချို စျေး၊ ၂၉ လမ်းနှင့် ၃၁လမ်းကြား၊ ၈၄လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက် ကြောင်း သိရပါ တယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း စပျစ်သီးစျေး မှာ တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၁၀၀၀၀ကျပ်နှင့် ၁၂၀၀၀ကျပ်၊စပျစ်သီး အချွန်မျိုး ၁၀၀၀ဝ ကျပ်နှင့်၁၁၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၈၀၀၀ကျပ် နှင့် ၉၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီး အရွယ်အစားအလိုက်စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)