
မေလပထမပတ်အတွင်း မန္တလေးစျေးကွက်ရှိ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်အတွင်း ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ မွေးမြူရေးခြံထွက် ကြက်ဥများဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိ ခြံများမှ ဝင်ရောက်ကြောင်း သိရပါတယ်။ ဘဲဥမှာ အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက် ခြင်း၊ငုံးဥမှာ မန္တလေး၊ စဉ့်ကိုင်၊ ကျောက်ဆည်ဒေသရှိ မွေးမြူရေးခြံတို့မှ ဝင်ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သောလက္ကားစျေးမှာ ကြက်ဥ(၃၀လုံး ပါ ၁၀ ကဒ်) တစ်ဆွဲ လျှင်၁၃၅၀၀ဝိ/- နှင့်၁၃၈၀၀ဝိ/- ၊ လက်လီစျေးအနေဖြင့် ကြက်ဥတစ်လုံး လျှင်၄၅ဝိ/-နှင့်၄၆ဝိ/- ၊ ဘဲဥတစ်လုံးလျှင် ၅၈ဝိ/-နှင့် ၆၀ဝိ/- ၊ ငုံးဥ(၁၀) လုံးလျှင်၂၃၀ဝိ/- နှင့် ၂၅၀ဝိ/- စျေးဖြင့် ရောင်းချလျက်ရှိပြီးအရွယ်အစားပေါ်မူတည်၍ စျေးကွားခြားမှု ရှိကြောင်းသိရှိရ ပါတယ်။ ပြင်ဦးလွင် ဒေသရှိ မွေးမြူရေးခြံများမှ မန္တလေးစျေးကွက်အတွင်းသို့ ကြက်ဥဝင်ရောက်မှုမှာ ၁၆ မိုင်၊ထုံးဘိုဂိတ် ဖြတ် စာရင်းများ အရ ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း ၆ဘီး နှင့် ၁၂ ဘီးယာဉ် (၁၂၀)စီး ဝင် ရောက်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)